Tuesday, June 19, 2012

www.englishclub.com
အင်္ဂလိပ်စာကို လေ့လာသင်ယူလိုသူများအတွက် သင့်လျော်သော website ကောင်းတစ်ခုဖြစ်ပါသည်။ ဒီ website ထဲတွင်
Grammer, Vocabulary, Pronounciation, Listening နှင့် အခြားသော အထောက်အကူပြုလေ့လာစရာများစွာပါရှိပါသည်။

www.tais.ac.jp/index.html
International student များအနေဖြင့် ဂျပန်နိုင်ငံတွင် ပညာသင်ယူလိုပါက ပထမဦးစွာ Japanese Language ကို 1 နှစ်
အရင်တက်ရောက်ရပါသည်။ ပြီးမှ မိမိနှစ်သက်ရာ ဘာသာရပ်များကိုရွှေးချယ် သင်ယူနိုင်ကြပါသည်။ ဒီ Webiste ဟာဂျပန်နိုင်ငံ
Taisho Univeristy ရဲ့ Webpage ပဲဖြစ်ပါသည်။ ဒီ webpage ထဲမှာဆိုရင် international student များအတွက် Japanese
language တက်ရောက်သင်ကြားနိုင်ရန်လိုအပ်သော ညွှန်ကြားချက်များကို ဖေါ်ပြထားပါတယ်။

www.sp.edu.sg/departments/asd/intlstud.htm
Singapore Polytechnic မှ International student များအတွက် ကျောင်းဝင်ခွင့်လျှောက်လွှာပုံစံများနှင့် အခြေံလိုအပ်ချက်
များကိုဖော်ပြထားသော webpage ပဲဖြစ်ပါသည်။ myanmar တွင် click တစ်ချက်နိပ်ပါက မြန်မာကျောင်းဝင်ခွင့် လျှောက်ထားလိုသူများ
အတွက် လျှောက်လွှာပုံစံနှင့် ညွှန်ကြားချက်များကို download ရယူနိုင်သော နေရာသို့ ရောက်သွားပါမည်။

www.tomshardware.com
ဒီ website ဟာကွန်ပျူတာ hardware အမျိုးမျိုး တို့၏ ဈေးနှုန်းများ ဈေးကွက် အတွင်းအသစ်ထွက်ပေါ်လာသည့် ပစ္စည်းများ၏
ပစ္စည်းများ၊ ဝေဖန်သုံးသပ်ချက်များကို ဖေါ်ပြသော website ပဲဖြစ်ပါတယ်။

www.pcworld.com
ကွန်ပျူတာ hardware, software သတင်းများကို ဖေါ်ပြသော website ပဲဖြစ်ပါတယ်။

www.pcuser.com.au
ကွန်ပျူတာ၊ အင်တာနက် အထောက်အကူပြု ဗဟုသုတ၊ ပညာပေးဆောင်းပါးများနှင့် လမ်းညွှန်ချက်များကိုဖော်ပြသော webiste
ပဲဖြစ်ပါတယ်။

www.vbcode.com
Visual basic programming ကိုအသုံးပြုလေ့လာနေသော user များအတွက် များစွာအသုံးတည့်သော website ပဲဖြစ်ပါတယ်။
ဒီ website ထဲမှာ VB နှင့် ပတ်သက်သော သတင်းများကို ၀င်ရောက်ဖတ်ရှုလေ့လာနိုင်သလို VB code များကိုလည်း download ရယူနိုင်
ပါတယ်။

1001freefonts.com/fonts
အင်္ဂလိပ်စာ font မျိုးစုံကို free download ရယူနိုင်သော website ပဲဖြစ်ပါတယ်။ font အမျိုးပေါင်း နှစ်ရာကျော်ကို download
ရယူနိုင်ပါတယ်။

www.computerweekly.com / www.webopedia.com /www.cyberjournalist.net /www.news.com
ကွန်ပျူတာ အင်တာနက်နှင့် သက်ဆိုင်သော IT သတင်းများကို ဖေါ်ပြသော website များပဲဖြစ်ပါတယ်။

www.webshots.com
Wall Paper များ၊ Screen saver များကို download ရယူနိုင်သော website များပဲဖြစ်ပါတယ်။

www.tucows.com / www.download.com / ww.zdnet.com / www.shareware.com / www.webattack.com
ထို website များကတော့ Freeware / Shareware များကို ရှာဖွေကာ download ရယူနိုင်သော website များပဲဖြစ်ပါတယ်။

www.howstuffworks.com
ကွန်ပျူတာတွေ ဘယ်လို အလုပ်လုပ်သလဲ ? CD writer တွေဘယ်လို အလုပ်လုပ်သလဲ ? Harddisk တွေ ဘယ်လိုအလုပ်လုပ်
သလဲ ? မော်တော်ကား engine တွေ ဘယ်လို အလုပ်လုပ်သလဲ ? စသည်ဖြင့် နယ်ပယ်အသီးသီးမှာ ပစ္စည်းပေါင်း များစွာ၊ နည်းပညာပေါင်း
များစွာ တို့၏အလုပ်လုပ်ပုံများကို ရှာဖွေလေ့လာနိုင်သော website ပဲဖြစ်ပါတယ်။

www.whatis.com
IT နှင့်ပတ်သက်သော စကားလုံးများ၏ အဓိပါယ်ဖွင့်ဆိုချက်များကို ရှာဖွေလေ့လာနိုင်သော website ပဲဖြစ်ပါတယ်။

www.emode.com / www.ihhp.com/quiz.htm
Intelligent Quotient လို့ခေါ်တဲ့ အိုင်ကျူအကြောင်းကို တော့လူတော်တော်များများ သိကြပြီးဖြစ်ပါလိမ့်မယ်။ ဒီ webiste ထဲ
မှာရှိသော IQ test မေးခွန်းများကို ၀င်ရောက်ဖြေဆိုပြီး မိမိရဲ့ ဥာဏ်ရည်အဆင့်သတ်မှတ်ချက် ကိုသိနိုင်ပါတယ်။

www.etrademyanmar.com
မြန်မာ့စီးပွာရေးအဓိက အချက်အချာဖြစ်သော ဘုရင့်နောင်ပွဲရုံတန်း ၊ မန္တလေး ဈေးချို အစရှိသော ဈေးကွက်ကြီး များအတွင်း မြန်မာ့ထွက်ကုန်ပစ္စည်းများ၏သတင်းများနှင့် ဈေးကွက်အခြေအနေများ ၊ ကုန်သွယ်ဘဏ်နိုင်ငံများ၏ ဈေးကွက်များအတွင်း မြန်မာ့ထွက်
ကုန်ပစ္စည်းများ၏ဈေးကွက်အခြေအနေများ၊ အောင်မြင်သောစီးပွားရေးလုပ်ငန်ရှင်ကြီးများနှင့် ဗဟုသုတဖြစ်ဖွယ် တွေ့ဆုံမေးမြန်းခန်း
များပါဝင်သော website တစ်ခုပဲဖြစ်ပါတယ်။

www.nyse.com
ကမ္ဘာ့စီးပွားရေးဈေးကွက်အခြေအနေများ၊ stock ဈေးကွက်သတင်းများ၊ စီးပွားရေးသူတေသနစာတမ်းများကို ၀င်ရောက်လေ့
လာကြည့်ရှုနိုင်သော အပြည့်အစုံဆုံးစီးပွားရေး website ပဲဖြစ်ပါတယ်။

www.edition.cnn.com/WEATHER/
ကမ္ဘာ့နိုင်ငံအသီးသီးမှ ရာသီဥတုအခြေအနေ ၊ မိုးလေ၀သသတင်းများကို ၀င်ရောက်ရှာဖွေ ကြည့်ရှုနိုင်သော website ပဲဖြစ်ပါတယ်။

www.astro.com
ဗေဒင်ဟောစာတမ်းများကို ရယူနိုင်သော website ပဲဖြစ်ပါတယ်။ free horoscope မှာ မိမိမွေးသက္ကရာဇ် ထည့်သွင်းပေးပြီး
ဟောစာတမ်းများရယူနိုင်ကြပါတယ်။

ww.starlightastrology.com
Cancer, Libra, Capricon, ..... အစရှိသဖြင့် ရာသီခွင်များဖြင့် တွက်ချက်ပြီးဟော စာတန်းများထုပ်ပေးသော website ပဲ
ဖြစ်ပါတယ်။

www.lyrics.com
ဒီ website ထဲမှာဆိုရင် ကမ္ဘာကျော်အဆိုတော်များ၏ သီချင်းစာသားများကို down-load ရယူနိုင်ကြပါတယ်။ အဲဒီလိုစာသားများ
အပြင် အချို့သော အဆိုတော်များ၏ Mp3 သီချင်းများကိုလည်း free download ရယူနိုင်ကြပါတယ်။

www.sokorean.com
ကိုရီးယားဇတ်ကားများ၏ သတင်းများနှင့် မင်းသားမင်းသမီး များ၏ပုံများ၊ ကိုယ်တိုင်ရေး အချက်အလက်များကို downlaod
ရယူနိုင်သော website ပဲဖြစ်ပါတယ်။

www.pansagar.com
မြန်မာ့သ်ီချင်းများကို ၀င်ရောက်နားဆင်ခံစားနိုင်သော website ပဲဖြစ်ပါတယ်။ စုံတွဲသီချင်းများ၊ အဖွဲ့လိုက်သီချင်းများ အစရှိသဖြင့်
နှစ်သက်ရာကို အလွယ်တကူ ရွှေးချယ်ခံစားနိုင်ပါတယ်။

www.fruits-n-vegis.com
အသီးအနှံများအား salad များ၊ sauce များပြုလုပ်နည်း၊ အသားငါးများချက်ခြင်း၊ ပြုခြင်း၊ ကင်ခြင်းများ၊ sandwich, meet roll
အစရှိသော မုန့်လုပ်နည်းများ စုံလင်စွာပါရှိသော website ပဲဖြစ်ပါတယ်။


မှတ်ချက်။ ။ ကိုမျိုးသူရ ၏ Guide to Internet Security & Surfing စာအုပ်မှ ကူးယူတင်ပြသည်။
ကွန်ပျူတာ သမိုင်း
ကွန်ပျုတာ
တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင်သချာင်္တွက်စက်ဖြစ်ပါသည်။
တစ်နည်းအားဖြင့်၎င်းမှာလျှပ်စစ်စွမ်းအားနှင့်သချာင်္ပညာရပ်များအားအသုံးပြု၍
လုပ်ငန်းရပ်များအားအဆင်ပြေချောမွှေ့လွယ်ကူစေရန်ဖန်တီးယူထားသည့်
စက်အမျိုးအစားတစ်ခုဖြစ်ပါသည်။မှတ်တမ်းများသိမ်းဆည်းခြင်း
(Datastorage)၊ပြန်လည်ခေါ်ယူခြင်း(Retrive)၊အစီအစဉ်များထည့်သွင်းခြင်းနှင့်
ထုတ်ယူခြင်း(l/O Device)၊စ် Uးစားတွက်ချက်ပေးခြင်း (Calculate) တို့အားလုပ်ငန်းစဉ်များ
အလိုက်အသုံးပြုနိုင်ရန်စီစဉ်ထားပါသည်။

ကွန်ပျုတာအားတီထွင်ရန်စတင်စဉ်စားခဲ့စဉ် ထဲကပင်လုပ်ငန်း ရပ်အသီးသီး၌
အသုံးပြုနိုင်ရန်ရည်ရွယ်၍တီထွင့်  ခဲခြင်းဖြစ်သည်။
စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့် (Digital Computer)
ဟူ၍တည်ဆောက်ပုံနှစ်မျိုးရှိ့  ခဲပါသည်။
(Analog Computer)သည်လျှပ်စစ်စွမ်းအားရရှိမှုပမာဏအနည်းအများပေါ်မူတည်၍
အနီးစပ်ဆုံးဖော်ပြ ပေးခြင်းဖြင့်လုပ်ဆောင်ပါသည်။
(Digital Computer)သည်လျှပ်စစ်စွမ်းအားအတိအကျရရှိမှုအ ပေါ်မူတည်၍
လုပ်ဆောင်ပါသည်။

ကွန်ပျုတာမတိုင်မှီခေတ်၁၆
ရာစုနှစ်နှောင်းပိုင်းမှစတင်၍လုပ်ငန်းရပ်အသီးသီးအား
လွယ်ကူချောမွှေ့ ဆင်ပြေစေရန်ပညာရှင်များမှ[ပေသီး]
(abacus)အားအ ခြေခံ၍ အဆင့်ဆင့်စမ်းသပ်တီထွင်လာခဲ့ကြပါသည်။ ၁၆၁၄ ခုနှစ်တွင်(John
Napier)မှသချာင်္ပညာရပ်ပိုင်းဆိုင်ရာတွက်ချက်မှုများအား
အ ဆင်သင့်ကြည့်ရှုနိုင်ရန် .၅ ဒဿမငါးနေရာအထိ
အ တိအကျတွက်ယူအ ဖြေထုတ်ပေးထားသော
အ စီအ စဥ် (Logarithms)အားတီထွင်ဖန်တီးခဲ့သည်။

၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင့်  ခဲသည်။
(Slide Rule) ဆိုသည်မှာလျှင်မြန်စွာတွက်ချက်နိုင်ရန်အ တွက်(Logarithms)
စနစ်အားအကျဉ်းချူံးစီစဉ်ထားသောသချာင်္ပညာရပ်ပိုင်းဆိုင်ရာအသုံးချမှုများဖြစ်ပါသည်။
၎င်းအား ယနေ့ကာလခေတ်ပေါ်အီလက်ထရွန်းနစ်သချာင်္တွက်စက်(Electronic Calculator)
များတွင်အသုံးပြုထားပါသည်။

၁၆၂၃ တွင် William Schickardမှသချာင်္တွက်စက်၏အ စဖြစ်သော(Mechanical Calculator)
အားတီထွင့်  ခဲပါသည်။
ပထမဦးဆုံးစက်ကိရိယာဖြင့်တွက်ချက်ခြင်းအ စီအ စဉ်အားပြင်သစ်နိုင်ငံသားဖြစ်သူ
သချာင်္နှင့်ဒဿနိကပညာရှင် Blaise Pascal မှ၁၆၄၂ ခုနှစ်
တွင်တီထွင့်  ခဲပြီး ၁၆၄၅ ခုနှစ်တွင်စတင်ထုတ်လုပ့်  ခဲပါသည် ။


၎င်းကိရိယာအားအ လုပ်လုပ်ဆောင်နိုင်ရန်အ တွက်လက်ဖြင့်မောင်းနှင်ရသောဂီယာ
(gear)များ၊စက်သီး (Pulley)များဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါသည်။၁၆၇၂-၁၆၇၄
ခုနှစ်တွင် Gottfried Leibniz မှပထမဆုံး(Calculator) အား
တီထွင်နိုင့်  ခဲပါသည်။၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard
၏ကြိုးပမ်းအားထုတ်မှုဖြင့်
အ လို လျောက်လည်ပတ်နိုင်သောယက်ကန်းစက်တစ်မျိုးဖြစ်သည့်(Analytical Engine) ကိုရရှိ့  ခဲသည်။

၎င်းစက်မှာအ ပေါက်များစွာပါဝင်သောကဒ်ပြား (Punched-Card) များဖြင့်ထည့်သွင်းအ သုံးပြု့  ခဲသည်။
၁၈၂၀ တွင် Charles Thomas de Colmar မှပထမဆုံးပြည်စုံသောတွက်ချက်မှု
အတိုင်းအတာအားတိုးမြှင့်ပေးခဲ့ပါသည်။

၁၈၂၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံမှ Charles Babbage သည်ဓါတ်ခွဲစက်
(Analytical Engine) တစ်ခုပြုလုပ်ရန်အ ကြံရှိ့  ခဲ၍၎င်းစက်တွင်မည်
သည့်တွက်ချက်မှုမျိုးမဆိုပါဝင်ထည့်သွင်းထားသည်။
သို့ရာတွင်၎င်းစက်အ တွက်လိုအ ပ်သည့်ဖွဲ့စည်းပုံအားတည်ဆောက်နိုင်ရန်အ တွက်မူ
ယင်းအချိန်ကာလတွင်ပညာရှင်များအ နေဖြင့်များစွာမှအခက်အ ခဲရှိ့  ခဲကြပါသည်။
Charles Babbage ၏မူလစိတ်ကူးမှာယင်းစက်သည်အ ချက်အလက်ပေါင်း
မြောက်များစွာအားလက်ခံနိုင်၊ထည့်သွင်းနိုင်၊အ ဖြေထုတ်နိုင်ရန်ဖြစ်ပါသည်။

၂၀ ရာစုနှစ်အ စောပိုင်းတွင်လေဟာမီးလုံး (Vacuum Tube) များအား
အ သုံးပြုခြင်းဖြင့်ကွန်ပျုတာစက်မှုပညာမှအီလက်ထရောနစ်စနစ်သို့ကူးပြောင်းလာခဲ့ကြ၍
ဂီယာ (Gear) နှင့်စက်သီး (Pulley) တို့အားမလိုအ ပ်တော့
ချေ။လျှပ်စစ်ခလုတ်များမှတူညိသောရလဒ်အ ဖြေများကိုရရှိနိုင်ပြီဖြစ်ပါသည်။
ယင်းတွင်သင်္ကေတနှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြု
ထားပါသည်။အချက်အလက်နှင့်ညွှန်ကြားချက်များအား(l/O)
ဖြင့်အကျဉ်းချုံးထားပါသည်



၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအ ဖွင့်၊အပိတ် (On/Off)
လုပ်ပေးခြင်းဖြင့်လုပ်ငန်းရပ်များအားဝန်ပိုကျုံ့လာစေပါသည်။
လေဟာမီးလုံး (Vacuum Tube) များမှာဂီယာ (Gear)
နှင့်စက်သီး(Pulley)များထက်ပိုမိုတိကျစွာအ လုပ်လုပ်ဆောင်လာနိုင်ပါသည်။
Charles Babbage စဥ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀
ခုနှစ်ရောက်မှအ ပြီးသတ်ဖန်တီးနိုင့်  ခဲပါသည်။
နောက်ဆုံးတွင်၎င်း၏စဉ်းစားမှုများအားလုံးသည်ယနေ့ခေတ်ကာလအ သုံးချနေကြသော (Programmable
Computer) အ ဖြစ်သို့ရောက်ရှိလာခဲ့ပါသည်။
၁၈၉၀ ခုနှစ်တွင်Herman Hollerith မှအ မေရိကန်သန်းခေါင်စာရင်းမှတ်တမ်းအတွက်ကဒ်ပြားများအား
အ ပေါက်ဖောက်ခြင်းစနစ်(punched-Card System) အ ဖြစ်တိုးမြှင့်ပေးခဲ့သည်။
၁၉၃၆ ခုနှစ်တွင်Alan Turing မှကွန်ပျုတာ၏သချာင်္ပညာရပ်ပိုင်းဆိုင်ရာ
သီအိုရီများအား တိုးမြှင့်ထုတ်လုပ့်  ခဲသည်။
၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ(Boolean) အက္ခရာသချာင်္စနစ်အားအသုံးပြု၍ပထမဆုံး (Binary Caculator)
အ ဖြစ်တည်ဆောက်
့ ခဲသည် ။



၁၉၃၉ ခုနှစ်တွင်ပထမဆုံး[သချာင်္]နှင့်[ရူပဗေဒ]
ပညာရပ်များအားလျှပ်စစ်စွမ်းအားဖြင့်အ ဓိကအသုံးပြုထားပြီးစက်ပိုင်း
ဆိုင်ရာတွက်ချက်မှုဖြင့်အလုပ်လုပ်နိုင်သော (J V Atanasoff-Barry)
ကွန်ပျုတာအား အ မေရိကနိုင်ငံတွင်တီထွင့်  ခဲသည်။
၎င်းစက်အားပထမဆုံး လေဟာမီးလုံးတွဲများနှင့်အ သုံးပြုဖန်တီးတည်ဆောက်ထားခဲ့သည်။
၎င်းစက်မှာလုပ်ငန်းရပ်တစ်ခုအ တွက်သာပုံဖော်ထားပါသည်။
သို့ရာတွင်အ လွန်ရှည်လျားသောသချာင်္ပညာရပ်ပိုင်းဆိုင်ရာဇယားကြီးများ၏
တွက်ချက်မှုများအားတစ်ခုချင်းစီအ နီးစပ်ဆုံးတွက်ချက်နိုင်အောင်ရေးဆွဲခဲ့ပါသည်




မြန်မာနိုင်ငံကွန်ပျုတာ သမိုင်း

မြန်မာနိုင်ငံတွင်ကွန်ပျူတာ တက္ကသိုလ်မဆိုထားဘိကွန်ပျူတာ
ဌာနပင်မရှိသေးမီက (၁၉၇၃ ခုနှစ်မတိုင်မီက ) တက္ကသိုလ်တစ်ခု၏
သင်္ချာဌာနလက်အောက်တွင်တွက်ချက်ရေးယူနစ်
အ ဖြစ်စတင်ဖွဲ့စည်းခဲ့သည်ဟုအဆိုရှိသည်။
လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှတ်တမ်းပြုစုသော
ကိစ္စရပ်များကိုကူညီဆောင်ရွက့်  ခဲရကြောင်းလည်းသိရသည်။
စက္ကူ ကဒ်ပြားများကိုစက်ဖြင့်အပေါက်ဖေါက်ပြီး သုံးရသောစနစ်ဖြစ်သည်။
နောက်ပိုင်းတွင်ပီစီမဟုတ်သေးသော ကွန်ပြူတာများ တစ်စတစ်စ ရောက်ရှိလာပြီး
ဝန်ကြီးဌာနအချို့တွင်သုံးစွဲလာသည်။


MCCအမည်ဖြင့်ကွန်ပြူတာပညာဆင့်ပွါးပေးသောအစုအ ဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပြူတာသင်တန်းကျောင်း
လုံးဝမရှိဆိုဟုသည်။
ရှေးဦးစွာရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse စသည်တို့မပါဝင်သေးပဲ DOS
Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အ တွက် (WordStar)
စာရင်းဇယားဆွဲရန် (Foomtools) စသည့်ဆော့ဖ်ဝဲများသုံးကြရသည်ဆိုပါသည်။


နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3) စသည်တို့အ ပြင်
(Harbor Graphic 3 ), (AutoCAD) စသည်တို့
ကိုပါသုံးစွဲလာနိုင်ကြောင်းသိရပါသည်။ WINDOWS OS ပေါ်လာသော
အ ပြောင်းအ လဲပြီးသည့်တိုင်
မြန်မာပြည်တွင်ကွန်ပြူတာမြင်သိထိတွေ့ဖူးသူအလွန်နည်းပါးပြီး
WINDOW 95 ပေါ်ပေါက်လာပြီးမှတစ်စတစ်စပြည်သူလူထုအတွင်း
ကွန်ပြူတာသုံးစွဲနိုင်သောအ ခြေအ နေရောက်လာခဲ့ပါသည်။
သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော
သင်တန်းအ ဖွဲ့အ စည်းများလဲပေါ်ထွန်းလာပြီး။ ACE, KMD
စသည်အဖွဲ့အ စည်းများလည်းဆက်လက်ပေါ်ပေါက်လာကြောင်းသိရပါသည်။
ကွန်ပြူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပြူတာသမိုင်းတွင်
အ ရေးပါသောအ ခန်းမှပါဝင်နေကာ အ ကျိုးပြုပံ့ပိုးကူညီနိုင့်  ခဲပါသည်။


ဒင်းနစ်ဝင်းသိန်း၏အ စီအ စသ်ဖြင့်အ ချို့အ ခြေခံပညာကျောင်းများအ တွက် LC630
Macintosh ကွန်ပြူတာများအ ကြွေးရောင်းချပေးခဲ့ရာမှ
မြို့ငယ်လေးများ၏အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထစနစ်ဖြင့် Clone PC များဝယ်ယူသိမ်းဆည်းပြသသောအ လေ့၊ Multimedia classroom
များဖွဲ့စည်းတည်ဆောက်သောဓလေ့များထွန်းကားခဲ့သည်ဆိုပါသည်။
ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သောလုပ်ငန်းများဖွံ့ဖြိုးလာခဲ့သော်လည်း
အင်တာနက်ကိုတိုက်ရိုက်မသုံးနိုင်သေးပဲ အင်ထရာနက်သုံးကြရသည်ဆိုပါသည် ။


Dial up စနစ်ကွန်ယက်ချိတ်ဆက်ပစ္စည်းတို့မှာ
ခွင့်ပြုချက်မရလျှင်သုံးစွဲခွင့်မရှိသောကန့်သတ်ပစ္စည်းဖြစ့်  ခဲရပြီး
နောင်A ခါ IP Star စလောင်းများဖြင့် Internet ချိတ်ဆက်အ သုံးပြုမှုအ ထိ
ကျယ်ပြန့်လာသည်ဆိုပါသည်။
ကွန်ပြူတာဝန်ဆောင်မှုအပိုင်းတွင်စာစီစာရိုက်လုပ်ငန်းမှာစီးပွားဖြစ်အသွင်ဦးစွာပေါ်ပေါက်လာပြီး၊
ကွန်ပြူတာဖြင့်
ဇာတာဖွဲ့ပေးခြင်းစသည်တို့လည်းပိုမိုစောစီးစွာပေါ်ပေါက်ဖူးသည်ဆိုပါသည်။
စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ ထိုမှတဆင့်စီဒီဗီဒီယိုအခွေကူးခြင်း/ MP3
ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း ဓါတ်ပုံအ ခွေထုတ်ခြင်း
ဗီဒီယိုတည်းဖြတ်ခြင်း ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊
ဂိမ်းဆိုင်များဖွင်ခြင်းတို့နှင့်အတူဆိုင်ဘာကဖေးဆိုင်များ
ပေါ်ထွန်းလာသည်အ ထိကမ္ဘာနှင့်အ ညီရင်ဘောင်တန်းလိုက်လာနိုင်သလို IT
ပညာရှင်များလည်း အထိုက်အ လျောက်ပေါ်ပေါက်လာပြီး
ကွန်ယက်များချိတ်ဆက်ထိန်းသိမ်းပေးခြင်း ဆော့ဖ်ဝဲရေးသားရောင်းချခြင်း။ Web
page ဒီဇိုင်းရေးဆွဲကြော်ညာပေးခြင်း စသည့်
အ တတ်များလည်းတတ်ကျွမ်းလာနေပြီဖြစ်ပါသည်။ ဟက်ကာများလည်း ရှိသည်ဟု
ကြားသိနေရပါသည်။



ကွန်ပြူတာသမိုင်း

ကွန်ပျူတာဆိုတာ
“ကွန်ပျူတာ”ဆိုတာ ဘာလဲတဲ့ !!

ပြောရမယ်ဆိုရင် ... သေချာတာတော့ .. “ကွန်ပျူတာ”ဟာ electronic device
(ပစ္စည်း) တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းကို
လေ့လာမယ်ဆိုရင်ဟိုးလွန့်  ခဲတဲ့နှစ်ပေါင်း (၁၀၀)ကျော်လောက်တုန်းက
ရှေးခေတ်လူသားတွေ သုံးခဲ့တဲ့ … “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus)
ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။
အဲဒီ (Abacus) “ပေသီး”ကနေ အ ခြေခံပြီး .. လူတွေဟာ ဂဏန်းပေါင်းစက်တီထွင်လာနိုင်သည်အ ထိ ..
ဉာဏ်ရည်တွေ
ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ် .. ။ အဲဒီဂဏန်းပေါင်းစက်မှတစ်ဆင့် ..
မှတ်ဉာဏ် (Memory) ပိုမိုကောင်းမွန် .. တွက်ချက် (processing)နိုင်သော
ကွန်ပျူတာတွေအ ထိတီထွင်တိုးတက်လာခဲ့ပါတယ် … ။
ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း .. ကွန်ပျူတာဆိုတဲ့ရှေးသမိုင်းကြောင်းတွေ
ထပ်ရှိပါသေးတယ် … ။


ဒီအ ပင်ကိုဘယ်လိုစိုက့်  ခဲလဲ .. မြေသြဇာဘယ်လိုသုံးရလဲ .. မြေသြဇာအ တွက် …
နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်… အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလား
ပြီးတော့ခြောက်သွေ့တဲ့နေရာမှပေါက်တာလား စသည်ဖြင့် .. ပုံစံတွေနဲ့ ..
လေ့လာမယ်ဆိုရင် .. ဒါက စိုက်ပျိုးရေးသမား အလုပ်ဖြစ်သွားပါပြီ ..။



ပိုဆိုးတာက .. နည်းပညာ (Technology) ဆိုတာကလည်း ..
အ ချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အ မြဲဖြစ်နေတဲ့အ ချိန် .. ။
ဒီအ ချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲအ သေးစိတ်ပြန်သွားပြီး
လေ့လာမယ်ဆိုရင် .. အ ကြိုးထူးလာနိုင်ဖို့နည်းလမ်းနည်းပါတယ် .. ။

မြောင်းကြီးကြီးခုန်ဖို့နောက်ကိုခြေ(၂)လှမ်း၊ (၃)လှမ်းလောက်
လှမ်းလိုက်ပါ။ ပြီးတော့မှ .. အရှိန်နဲ့ပြေးခုန်လိုက် .. ကိုယ်လိုချင်တဲ့
ဟိုဖက်အခြမ်းက .. Update Technology ကိုမရောက်စရာ အ ကြောင်းမရှိပါဘူး .. ။
နောက်မဆုတ်ပဲနဲ့လည်း တန်းမခုန်လိုက်နဲ့ .. ချောက်ထဲကြသွားမယ် … ။
နောက်လည်းအ ရမ်းမဆုတ်လိုက်နဲ့ … နောက်ဆုတ်လွန်းရင်လည်း … ချောက်ရှိတယ် ..
ကျသွားမယ်… … မိတ်ဆွေတို့ .. ။



သိမ်းဆည်းထားသော PDF ဖိုင်မှ ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ် ။


အောက်ပါ ကွန်ပျူတာ ဇယားကိုတော့ ဥယျာဉ်မှူး ထံမှ ရရှိပါတယ် ။

No comments:

Post a Comment